Notice to All Visa Applicants
ဗီဇာလျှောက်သူများအားအသိပေးချက်
(English Version appears below)
📌📌 ဗီဇာလျှောက်သူများအားအသိပေးချက်
( ဧပြီလ ၁၇ ရက် ၂၀၂၅ ခုနှစ်)
ထိုင်းသံရုံး၊ရန်ကုန်မြို့။
ရန်ကုန်မြို့ရှိထိုင်းသံရုံးမှ ဗီဇာလျှောက်ထားသူများအား အောက်ပါလမ်းညွှန်ချက်များအားသေချာစွာဖတ်ရှုပြီးလျှောက်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ဗီဇာလျှောက်ထားသူများသည် ဖော်ပြပါလင့်ခ် ( https://www.thaievisa.go.th/) တွင် အီးဗီဇာ (E-visa)လျှောက်ထားရပါမည်။ ငွေပေးချေမှုအတွက်ရက်ချိန်းအားဖော်ပြပါလင့်ခ် (https://www.thaiconsularyangon.com/evisapay/index.php/make-an-appointments )တွင် ဝင်ရောက်ရယူနိုင်ပြီး ထိုင်းသံရုံးတွင် ငွေပေးချေမှုပြုလုပ်ရပါမည်။ အီးဗီဇာ( E-visa) အား ထိုင်းသို့သွားရောက်ရန် ရက်မတိုင်ခင် အနည်းဆုံး ၁၅ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး သံရုံးမှဗီဇာလျှောက်ထားသူ၏ကြိုတင်စီစဉ်ထားသောခရီးစဉ်အတွက်တာဝန်ယူမည်မဟုတ်ပါ။ ဗီဇာလျှောက်ထားရန်ကြာမြင့်ချိန်မှာလိုအပ်သောအချက်အလက်များနှင့်စာရွက်စာတမ်းများရရှိပြီးနောက် ၁၀ရက်မှ၁၅ရက်ခန့်ကြာမြင့်မည်ဖြစ်ပါသည်။
၂။ ဗီဇာလျှောက်ထားသူများသည် အီးဗီဇာလျှောက်ရာတွင် အီးဗီဇာ(E-visa)အားတစ်ကြိမ်တည်းသာလျှောက်ထားရန်အကြံပြုလိုပါသည်။ ထပ်ခါတလဲလဲ တစ်ကြိမ်နှင့်အထက်လျှောက်ထားသောဗီဇာများသည်ဗီဇာသုံးသပ်ရာတွင်အချိန်ကိုပိုမိုကြန့်ကြာစေနိုင်ပြီးဗီဇာရရှိရန်အတွက် ၁၅ရက်မကကြာမြင့်နိုင်ပါသည်။
၃။ဗီဇာလျှောက်ထားသူများသည်ဗီဇာမတင်ခင်အချက်အလက်များနှင့်စာရွက်စာတမ်းများကိုသေချာစစ်ဆေးပြီးမှဗီဇာလျှောက်ရန်အကြံပြုအပ်ပါသည်။ မတိကျမသေချာသောအချက်အလက်များပါရှိပါကထိုင်းနိုင်ငံသို့ဝင်ရောက်ရာတွင်အခက်အခဲများရှိနိုင်ပါသည်။
(အထူးသဖြင့်မြန်မာနိုင်ငံသားများနာမည်ဖြည့်စွက်ရာတွင်အထူးသတိထားရန်လိုအပ်ပါသည်။နာမည်ဖြည့်စွက်ရာတွင်လည်းဖော်ပြပါလင့်ခ် https://www.thaiconsularyangon.com/evisapay/index.php/instruction-2 မှလမ်းညွှန်ချက်အားဖတ်ရှူပြီးမှဖြည့်သွင်းစေလိုပါသည်။)
၄။ပထမအကြိမ်ပယ်ဖျက်ခြင်းခံရသောဗီဇာလျှောက်ထားသူအနေဖြင့် ထပ်မံလျှောက်ထားမည်ဆိုပါက လျှောက်ထားသူမှ သံရုံးရှိဗီဇာကောင်တာတွင် မှားယွင်းသောဗီဇာလျှောက်ထားချက်အားပယ်ဖျက်ပေးရန် ဗီဇာကြေးမသွင်းခင် အကြောင်းကြားရပါမည်။ အကယ်၍ ပြန်လည်အကြောင်းကြားခြင်းမရှိပါက အသစ်လျှောက်ထားသောဗီဇာအားလည်း ထပ်မံပယ်ဖျက်ခြင်းခံရနိုင်ပါသည်။
၅။ဗီဇာလျှောက်ထားသူမှ ဗီဇာအမျိုးအစားပြောင်းလဲလျှောက်ထားလိုပါက လက်ရှိအကျုံးဝင်နေသောဗီဇာအား ဗီဇာကြေးမသွင်းခင် ပယ်ဖျက်ခိုင်းရပါမည်။
၆။ ဗီဇာကြေးပေးသွင်းပြီးပါက ဗီဇာလျှောက်ထားသောဗီဇာစာမျက်နှာ (Visa Dashboard) နှင့် အီးမေးလ်အား ပုံမှန်စစ်ဆေးရပါမည်။ သံရုံးမှဗီဇာလျှောက်ထားသူများအားအီးမေးလ်မှတစ်ဆင့်အင်တာဗျူးရန် ရက်ချိန်းများပေးအပ်ပါမည်။ အီးမေးလ်အား သတိမထားမိခြင်း၊မဖတ်မိခြင်းနှင့်သံရုံးမှရက်ချိန်းအား ၂ ပတ်ဆက်တိုက်ဖြေကြားခြင်းမရှိဘဲပျက်ကွက်ပါကဗီဇာပယ်ဖျက်ခြင်းခံရပါမည်။
‼️ ၇။ဗီဇာလျှောက်ထားသူများသည် မိမိ၏ကိုယ်ပိုင်အချက်အလက်များအား တာဝန်ယူမှုရှိရမည်ဖြစ်ပြီး မှားယွင်းသောအချက်အလက်များနှင့်စာရွက်စာတမ်းအတုအပများအား အသုံးပြုပါက ဗီဇာပယ်ချခံရမည်ဖြစ်ပါသည်။ ထိုသို့သောစာရွက်စာတမ်းများအား ဗီဇာလျှောက်ထားရာတွင်တွေ့ရှိရပါက လျှောက်ထားသူအားထိုင်းနိုင်ငံသို့ဝင်ရောက်ခွင့်ပိတ်ခြင်းများ ရှိနိုင်ပါသည်။
ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထိုင်းသံရုံး၊ရန်ကုန်မြို့။
*****
📌📌 Notice to All Visa Applicants (17 April 2025)
Royal Thai Embassy, Yangon
The Royal Thai Embassy in Yangon kindly informs all visa applicants to strictly read and follow the important guidelines below:
1. Visa applicants are strongly advised to apply for an E-visa at https://www.thaievisa.go.th/ and make a payment at the Embassy (the instruction can be found at https://www.thaiconsularyangon.com/evisapay/index.php/make-an-appointments) at least 15 working days before their intended travel date to Thailand. The Embassy will not be responsible if the visa is not issued in time for the applicant’s planned travel dates. The visa processing time, after all required documents have been submitted, is approximately 10 to 15 working days.
2. Applicants are strongly advised to submit only one e-visa application. Duplicate submissions may cause delays in the visa consideration process, which could take more than 15 working days.
3. Applicants are urged to carefully review all information before submitting their application. Inaccurate or incorrect information may result in denial of entry into the Kingdom of Thailand. (Especially for Myanmar citizens, who have to be careful about filling in the name in the form, please follow the guideline at https://www.thaiconsularyangon.com/evisapay/index.php/instruction-2 )
4. If an error is found after submission, applicants must notify the visa counter to cancel the incorrect application before making any payment. Re-applying with corrected information without informing the Embassy may result in the cancellation of the new application.
5. If applicants wish to apply for a different type of visa, please inform the visa counter to cancel an existing valid visa before making a payment of a new application.
6. After settling the visa fee, applicants are advised to regularly monitor the visa dashboard and check their email. The Embassy may contact applicants to schedule an interview. Failure to notify the Embassy or absence from the appointment for two consecutive weeks may result in the cancellation of the visa application.
‼️ 7. Applicants are fully responsible for the authenticity of all submitted documents. If it is found that forged or falsified documents were used, the application will be rejected. If such documents are discovered after the visa has been issued, the visa will be voided, and the applicant may be prohibited or blacklisted from entering the Kingdom of Thailand.
Thank you for your cooperation.
Royal Thai Embassy, Yangon